အယ်ဒီတာ့ စကား
Thazin Singapore
Success Magazine ကို ထုတ်ဝေရန် ၂၀၀၈ ခုနှစ် အစပိုင်းမှ စတင်၍
စိတ်ကူးရကြပါတယ်။၂၀၀၈ ခုနှစ် ဇွန် လတွင် စင်ကာပူနိုင်ငံရှိ လက်လှမ်းမှီရာ
စာပေ ၀ါသနာရှင်များကို ဖူနန်စင်တာ ငါးထပ်ရှိ ကော်ဖီဆိုင်တွင် ဖိတ်ခေါ်၍
စာအုပ်ထုတ် ဝေမည့် အကြောင်း ၀ိုင်းဝန်းပံ့ပိုး ပေးကြပါရန်
ကမ်းလှမ်းခဲ့ပါသည်။ ထိုနေရာတွင်ပင် အယ်ဒီတာအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ အမှတ်
(၁) မဂ္ဂဇင်းမှာ ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် အောင်မြင်စွာ
ထုတ်ဝေနိုင်ခဲ့ပါသည်။
'မျက်နှာဖုံးက
အမြင်ရိုင်းတယ်'၊ 'မြန်မာ အသိုင်းအ၀ိုင်းနဲ့ မကိုက်ညီ' ဟူသော
ကွန်ဆာဗေးတစ်သမားများက အသံထွက်ခဲ့ပါ၏။ တစ်ကယ့်လက်တွေ့တွင် စင်ကာပူရောက်၊
နိုင်ငံခြားရောက် မြန်မာများသည် မြန်မာပြည်မှာလို ၀တ်စားဆင်ယင်နေကြသည်တော့
မဟုတ်ပါ၊ နိုင်ငံခြားရောက် နိုင်ငံတကာ အမြင်ရှိသူ မြန်မာများကလည်း
'လန်းတယ်'၊ 'အမြင်ဆန်းတယ်' သမရိုးကျ လမ်းဟောင်းမှ ဖောက်ထွင်နိုင်သော
အခွင့်အလမ်းရှိခြင်းကြောင့် ရှေးရိုးလမ်းဟောင်းသို့ ပြန်မသွားပဲ၊
ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရန် တိုက် တွန်းကြပါသည်။ ထို့ပြင် ခင်မင်သူ၊
ဓါတ်ပုံ၊ စာပေ၊ ပန်းချီ၊ အနုပညာရှင်များကလည်း အမြင်ဆန်းလေး
ရှိနေစေချင်ကြပါသည်။ သို့ဖြစ်၍ Sexy ဖြစ်သော မျက်နှာဖုံးလေးများနှင့်
နိုင်ငံခြားရောက် မြန်မာများ သိသင့်သိထိုက်သည်များကို ကြိုးစားရှာဖွေ၍ တင်
ဆက်ထားခြင်း ဖြစ်ပါသည်။
စာအုပ်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ
စာဆိုများ၊
စာပေပညာရှင်ကြီးများ အမြဲတမ်း ပြောခဲ့ကြပါသည်။ 'လူတွေ စာအဖတ်နည်းလွန်းတယ်၊
စာများများ ဖတ်စေချင်တယ်' စာသမားများက စာဖတ်နာသောကြောင့် 'ရှာဖွေလေ
တွေ့ရှိလေ' ဆိုသည်လိုပင်၊ စာဖတ်လေ အသိပညာဥာဏ်ရလေ၊ သိစရာ ပို များ လာလေ၊
သိချင်တာက ပိုများလာလေ ဖြစ်ပါသည်။ တိုင်းပြည် တစ်ပြည်
တိုးတက်အောင်မြင်၍တိုင်းသူပြည်သားများ ကမ္ဘာ့ အလယ်၌တင့်တယ်စေရန်
တိုင်းသူပြည်သားများ၏ အသိ ဥာဏ် အတွေးအခေါ်သည် အရေးကြီးဆုံး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သိသင့်သိထိုက်သည်များကို ဘယ်အကြောင်းအရာကိုမျှ တစ်ဖက်ကမ်းခတ်
မတတ်သော အယ်ဒီတာများက တတ်စွမ်းသမျှ၊ လက်လှမ်းမီသမျှ စာဖတ်ပရိသတ်အပေါင်းအား
စာဖတ်စေ၍ အသိပညာများရစေရန် သွေးဆောင် ကူညီသွားလိုရင်း ဖြစ်ပါသည်။
မျှော်မှန်းချက်မှာ...
Thazin Singapore Success Magazine သည် မြန်မာဘာသာဖြင့်
ထုတ်ဝေနေသောကြောင့် ကမ္ဘာတစ်ဝှမ်းသို့ ရောက်ရှိနေသောကြောင့် မြန်မာ
စာဖတ်သူများအတွက် ရည်ရွယ်ပါတယ်။ သို့ကြောင့် ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ UK ၊
US ..နိုင်ငံ အသီးသီးမှ အကြောင်းအရာများ ပါဝင်နိုင်အောင် စီစဉ်နေပါတယ်။
လိုအပ်လာလျှင် မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ထုတ်ဝေရန် အစီအစဉ် ရှိပါသည်။
ကမ္ဘာ့ အဆင့်မီ မဂ္ဂဇင်း ဖြစ်စေရပါမည်။
Thazin Success Magazine ကို ဖတ်ရှုသူ တစ်ယောက်သည်..မြန်မာနှင့် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး အမြင် များ အားလုံးကို ထဲထဲဝင်ဝင် နက်နက်နဲနဲ သိစေချင်ပါသည်။ ပေးရသော ၄-၅ ဒေါ်လာနှင့် အသိပညာဥာဏ် ထောင် သောင်း ရစေ ချင်ပါသည်။
သို့ကြောင့်..စာဖတ်သူများက ဘာဖတ်ချင်သည်၊ ဘာလုပ်သင့်သည် စသည့် အကြံဥာဏ်များ ပေးမည်၊ သင့်တင့်လျောက်ပတ်သော အကူအညီများ ပေးမည်ဆိုလျှင် နွေးထွေးစွာ ကြိုဆိုပါကြောင်း။ ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေဟု...
ကောင်းမြတ်နွယ်
Editor in Chief
Thazin Singapore Success Magazine
Thazin Success Magazine ကို ဖတ်ရှုသူ တစ်ယောက်သည်..မြန်မာနှင့် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး အမြင် များ အားလုံးကို ထဲထဲဝင်ဝင် နက်နက်နဲနဲ သိစေချင်ပါသည်။ ပေးရသော ၄-၅ ဒေါ်လာနှင့် အသိပညာဥာဏ် ထောင် သောင်း ရစေ ချင်ပါသည်။
သို့ကြောင့်..စာဖတ်သူများက ဘာဖတ်ချင်သည်၊ ဘာလုပ်သင့်သည် စသည့် အကြံဥာဏ်များ ပေးမည်၊ သင့်တင့်လျောက်ပတ်သော အကူအညီများ ပေးမည်ဆိုလျှင် နွေးထွေးစွာ ကြိုဆိုပါကြောင်း။ ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေဟု...
ကောင်းမြတ်နွယ်
Editor in Chief
Thazin Singapore Success Magazine
No comments:
Post a Comment