25 November 2012 တွင် Peninsula
Plaza မိသားစု ပထမဥိးဆုံးအကြိမ် ဘုံကထိန်ပွဲတော်ကို Peninsula Plaza
တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအတိုင်း အိုးစည်ဒိုးပတ်များဖြင့် ဥိးရွှေရိုး
ဒေါ်မိုးအကအပြင် တွံ့တေးလင်းနိုင်ကလည်း အထူးဧည့်ခံဖျော်ဖြေပေးခဲ့ပါ သည်။
ပဒေသာပင်များ ဝေေ၀ဆာဆာဖြင့် လှည်လည်ခဲ့ပါသည်။ Peninsula Plaza
မိသားစုနှင့် စင်ကာပူရောက် မြန်မာများမှ လှူဒါန်းသော အလှူငွေစုစုပေါင်း
စင်ကာပူဒေါ်လာ ၁၉ ၀၀၀ ကျော်ကို ၂၈-၁၁-၂၀၁၂ ရက်နေ့တွင် စင်ကာပူရှိ
တိုပါးရိုး ဘုန်းတော်ကြီးကျောင်းကို ဒေါ်လာ ၄,၀၀၀ နှင့် ကျန် ကျောင်း ၁၃
ကျောင်းနှင့် သီလရှင် ကျောင်း(၂)ကျောင်းအား ရေစက်ချ လှူဒါန်းပါမည်။
ရေစက်ချ လှူဒါန်းမည့်အခန်းအနားကို ၂၈-၁၁-၂၀၁၂ တွင် Peninsula Plaza ရှိ
Inle Myanmar Restaurant တွင် ကျင်းပမည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ
ဆွေမျိုးမိတ်သင်္ဂဟများအားလုံး သာဓုခေါ်နိုင်ပါစေကြောင်း. ...
Photo & Video /Thazin Singapore Success
Magazine
No comments:
Post a Comment